Saturday, September 26, 2015

အချိန်ကိုအကျိုးရှိရှိ အသုံးချစေချင်

ကျနော်တို့လူငယ်တွေဟာအချိန်ပိုတွေ များနေတယ်လို့ ထင်တတ်ကြတယ်းးး
တကယ် ပိုနေလား တွေးကြည့်ကြပါဗျားးး
ကမ္ဘာမှာ အဆင့် ၁၅၀ ရောက်နေတဲ့တိုင်းပြည်နှာနေပြီး
အချိန်ပိုဆိုတာရှိပါ့မလားး

Sunday, July 20, 2014

အသစ်များ

ကျောအောင့်သည့် ဝေဒနာကြောင့် ဆေးဝါး ကုသမှု ခံယူလိုက် ရသည့် ရိန်း


(ဆိုးလ် စက်တင်ဘာ၂၇) ကိုရီးယား မင်းသားချော ရိန်းသည် ကျောအောင့် ဝေဒနာကို ခံစားရ သောကြောင့် စစ်မှုထမ်း နေရာမှ ဆေးရုံ၌  ဆေးဝါးကုသ မှုခံယူလျက် ရှိကြောင်း သိရသည်။ ရိန်းသည် ရုတ်တရက် ကျောအောင့် လာသဖြင့် ဆေးရုံတင် လိုက်ရခြင်း ဖြစ်ကြောင်း၊ အခြား ရောဂါရှိ၊ မရှိကို စစ်ဆေးလျက် ရှိပြီးအူကျ ရောဂါရှိ နေသည်ဟု ယူဆရ သဖြင့် ဆေးရုံတွင် ဆက် လက်ဆေးဝါး ကုသမှု ခံယူသွား မည်ဖြစ်ကြောင်း ကာကွယ်ရေး သတင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ရိန်းသည် လက်ရှိ...

ချစ်စံအိမ်(၂) ဇာတ်လမ်းတွဲအား လာမည့် အောက်တိုဘာ၌ ဂျပန်တွင် စတင်ထုတ်လွှင့်မည်


­ (ဆိုးလ် စက်တင်ဘာ၂၇) အာရှ တစ်လွှားတွင် အောင်မြင်မှု များစွာရရှိခဲ့သော ''ချစ်စံအိမ်'' ဇာတ်လမ်းတွဲ အပိုင်း(၂)ကို လာမည့်အောက် တိုဘာလမှ စတင်၍ ဂျပန် နိုင်ငံ၌ စတင် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ကင်ဂျောင် ဟတ်စ် အနုပညာ အေဂျင်စီ၏ ထုတ်ဖော် ပြောကြားချက်အရ သိရသည်။ ''ချစ်စံအိမ် (၂)'' ဇာတ်လမ်းတွဲကို ဂျပန်၌ ထုတ်လွှင့်ပြသ ပြီးနောက် ကိုရီးယား နိုင်ငံတွင် ထုတ်လွှင့် ပြသ သွား မည်ဟု သိရသည်။ တရုတ် နိုင်ငံတွင် ယခုနှစ် နှစ်ကုန်ပိုင်း၌ ထုတ်လွှင့်ပြသ သွားရန် စီစဉ်ထား...

Singles မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံရိုက်ကူး ခဲ့သည့်SHINeeအဖွဲ့မှ အိုနယူး


(ဆိုးလ် စက်တင်ဘာ၂၇) SHINee အဆို အဖွဲ့မှ အိုနယူးသည် အောက်တိုဘာ လထုတ် "Singles" မဂ္ဂဇင်း၏ မျက်နှာဖုံး အတွက် ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။ အိုနယူးသည် မဂ္ဂဇင်း ဓာတ်ပုံများတွင် ဆောင်းရာသီ ဝတ်စုံများကို စတိုင်ကျကျ ဝတ်ဆင်ထား ပြီး ဆောင်းရာသီနှင့် လိုက်ဖက်မည့် အဆွေးဓာတ်ခံ သရုပ်ဆောင်ချက် များဖြင့် ရိုက်ကူး ထားခြင်း ဖြစ် သည်။ အိုနယူးအား "Singles" မဂ္ဂဇင်းမှ တွေ့ဆုံ မေးမြန်းသူက ၎င်း၏ နှလုံးသားကို ကိုင်လှုပ်နိုင်မည့် အနုပညာရှင် မင်းသမီး...

ရုရှားနှင့် ဂျပန်နိုင်ငံ ပင်လယ်ဓားပြ နှိမ်နင်းရေး ပူးတွဲ စစ်ရေး လေ့ကျင့်


ရုရှားနှင့် ဂျပန်နိုင်ငံ တို့သည် ရုရှား အရှေ့ဖျား ဒေသရှိ Vladivostok မြို့ ကမ်းလွန်တွင် ပင်လယ်ဓားပြ နှိမ်နင်းရေး ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း များအား စက်တင်ဘာလ ၂၆ ရက်နေ့ တွင် ပြုလုပ်ခဲ့ ပါသည်။ အဆိုပါ တစ်ရက်ကြာ စစ်ရေး လေ့ကျင့်ခန်း တွင် ဂျပန်နိုင်ငံမှ Ariake ဖျက် သင်္ဘောနှင့် Oyodo ဖရီးဂိတ် စစ်သင်္ဘောတို့ ပါဝင်ပြီး ရုရှားနိုင်ငံမှ Admiral Panteleyev ဖျက်သင်္ဘောနှင့် အခြားရေယာဉ် များ ပါဝင် ဆောင်ရွက် လျက် ရှိပါသည်။ ၎င်းစစ်သင်္ဘော များသည် ရှာဖွေရေးနှင့်...

အငြင်းပွား နေသော ကျွန်းစုများ အရေးကိစ္စနှင့် ပတ်သက်၍ အပေးအယူလုပ် ညှိနှိုင်းရန် မလိုအပ်ဟု ဂျပန် ဝန်ကြီးချုပ်က ပြောကြား ခဲ့ခြင်း


အရှေ့ တရုတ်ပင်လယ် အတွင်းပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းစုများအား နိုင်ငံပိုင် ပြုလုပ်ရေး ကိစ္စ နှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် အပေးအယူလုပ် ညှိနှိုင်းရန် မလိုအပ်သည့် အပြင် ဂျပန်နိုင်ငံ၏ အကျိုးစီးပွားများ အပေါ် တိုက်ခိုက်မှုများနှင့် ပတ်သက် ၍လည်း ရှုတ်ချကန့်ကွက် ကြောင်း ဂျပန်ဝန်ကြီးချုပ် ယူရှီဟီကိုနိုဒါက စက်တင် ဘာလ ၂၆ ရက်နေ့တွင် ကုလသမဂ္ဂ၌ သတင်းထောက် များအား ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရှိရ ပါသည်။ တရုတ်နိုင်ငံ အနေဖြင့် နားလည်မှု လွဲမှားလျက်...

မိုးလေ၀သသတင်း (မြေပုံ)


(၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ၂၈ ရက်)...

မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း၏ လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး


(နေပြည်တော် စက်တင်ဘာ ၂၇)  နေပြည်တော် ပျဉ်းမနား မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းမှ ကျေးရွာအုပ်စု မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းခွဲ များအား   အသင်း၏ လုပ်ငန်းစဉ်များ  ရှင်းလင်း ဆွေးနွေးပွဲကို  စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက ပျဉ်းမနား မြို့နယ် ကူးတို့ဆိပ် ကျေးရွာအုပ်စု အခြေခံ ပညာ မူလတန်း ကျောင်းဝင်း၌ ကျင်းပခဲ့ရာ မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း အဖွဲ့ဝင် ဒေါ်မြမြဝင်း တက်ရောက်၍ ...

မင်္ဂလာဒုံမြို့နယ် ခရေပင် လမ်းမကြီး (၆) လမ်းသွား ကွန်ကရစ်လမ်း ခင်းကျင်း


(ရန်ကုန်  စက်တင်ဘာ  ၂၇) ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန် မြို့တော်ရှိ လမ်းများပေါ်၌ မောင်းနှင် လျက်ရှိသော ယာဉ်အစီးရေ မှာ နိုင်ငံတော်မှ မော်တော်ယာဉ် များကို တရားဝင် လွတ်လပ်စွာ တင်သွင်း ခွင့်ပြုပြီးနောက် တစ်နေ့ တခြား တိုးပွား လာသဖြင့် ယာဉ်ကြော ပိတ်ဆို့မှု များနှင့် ယာဉ် အန္တရာယ်များ နေ့စဉ် ဖြစ်ပေါ်လျက် ရှိခြင်းကြောင့် အဆိုပါ အခက်အခဲ ပြဿနာများ ပြေလည်စေရန် ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာရေး ဝန်ကြီးဌာန အောက်ရှိ အင်ဂျင်နီယာ ဌာန (လမ်း/ တံတား)...

မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်မှ လုပ်ငန်းဆိုင်ရာ အသိပညာပေး ဟောပြော


ရန်ကုန်  စက်တင်ဘာ  ၂၇ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ် အမျိုးသမီးများ ကာကွယ် စောင့်ရှောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း အဖွဲ့မှ စက်တင်ဘာ ၂၅ ရက် နံနက် ၁ဝ နာရီက ရန်ကုန် အရှေ့ပိုင်း ခရိုင် အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း မေခ ခန်းမဆောင်၌ အသိ ပညာပေး  ဟောပြောပွဲ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမျိုးသမီး ရေးရာ အဖွဲ့ခေါင်းဆောင် ဒေါ်ခင်မေစိုးက အမျိုးသမီးများ ကာကွယ် စောင့်ရှောက်ရေးနှင့်...

လမ်းတိုးချဲ့ခြင်း ဆောင်ရွက်


(ရန်ကုန် စကိတင်ဘာ ၂ ၇) ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ မြို့နယ် အတွင်းရှိ လမ်းများ တိုးချဲ့ခြင်း လုပ်ဆောင်လျက် ရှိရာ ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် စံပြဈေး ရှေ့မှ ပါရမီ မီးပွိုင့်အထိ ဆက်သွယ်ထားသော သံသုမာ လမ်းမကြီးအား (၈) လမ်းသွားအဖြစ် တိုးချဲ့ခြင်း လုပ်ငန်းကို စက်တင်ဘာ ၂၅ ရက်က လမ်းတံတား အထူးအဖွဲ့ (၂)မှ ဆောင်ရွက် နေပါသည်။ ...

မိုဘိုင်းလ် တယ်လီဖုန်းများ ကျေးလက်နေ ပြည်သူများ အသုံးပြုနိုင်အောင် စီစဉ် ဆောင်ရွက်ပေးရေး ညှိနှိုင်းစည်းဝေး


(နေပြည်တော် စက်တင်ဘာ ၂၇) ကျေးလက်နေ ပြည်သူများအား မိုဘိုင်းလ် တယ်လီဖုန်းများ ကိုင်ဆောင် အသုံးပြု နိုင်အောင် ဆောင် ရွက် ပေးခြင်း အားဖြင့် မြို့ပြနှင့် ကျေးလက်၊ ကျေးလက် အချင်းချင်း ဆက်သွယ်မှု လွယ်ကူစွာ ဆောင် ရွက်နိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း များကို အလွယ်တကူ ဆက်သွယ် ရှာဖွေနိုင်ခြင်း၊ မိုးလေဝသ သတင်း အချက်အလက် များကို အချိန်နှင့် တစ်ပြေး ညီ ပေးပို့နိုင်ခြင်း၊ သဘာဝ ဘေးအန္တရာယ် ကာကွယ် တားဆီးရေး ကိစ္စများကို အထောက် အကူ ပြုနိုင်ခြင်း၊ ပြည်တွင်း/...

သုတဖြိုးဝေ စာကြည့်တိုက်သို့ စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းပွဲ ကျင်းပ


(မော်လမြိုင်ကျွန်း  စက်တင်ဘာ ၂၇) ဧရာဝတီ တိုင်းဒေသကြီး မော်လမြိုင် ကျွန်းမြို့နယ် ဒေါင်းရေကျော် ကျေးရွာ သုတဖြိုးဝေ ကျေးလက် စာကြည့် တိုက်သို့ စာအုပ် စာစောင်များ ပေးအပ် လှူဒါန်းပွဲနှင့် လယ်ယာမြေသို့ ကွင်းဆင်း လေ့လာပွဲကို  စက်တင်ဘာ ၂၂ ရက် နံနက် ၁ဝ နာရီက မော်လမြိုင် ကျွန်းမြို့နယ် သုတဖြိုးဝေ ကျေးလက် စာကြည့်တိုက် ရှေ့၌ ကျင်းပခဲ့ သည်။ ယင်းစာအုပ် စာစောင် လှူဒါန်းပွဲတွင် စာအုပ် အလှူရှင် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း ဗဟို ဦးစီး ကော်မ...

(၃၁)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပ

(ပြည် စက်တင်ဘာ ၂၇) ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ ပြည်တောင်တန်း တောရကျောင်းများ ဆန်လှူ အသင်းကြီး၏ (၃၁) ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူ ပူဇော်ပွဲ ကြီးကို ၁၃၇၄ ခုနှစ် တော် သလင်း လပြည့်ကျော် ၁၅ ရက် (၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်) တနင်္လာနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်မြို့ ဗိုလ်ချုပ်လမ်းဆံတော်ရပ် သာသနာ့ ဗိမာန် တော်ကြီး တွင် တောရကျောင်း ၂၅၆ ကျောင်းမှ ရဟန်း သာမဏေ၊ သီလရှင် ၂ဝ၂၃ ပါး ကျော်တို့အား လောင်းလှူ ပူဇော်မည် ဖြစ်သည်။ သို့ပါ၍ ရပ်ဝေးရပ်နီး သဒ္ဓါကြည်လင် ပါရမီရှင် ကုသိုလ်ရှင် အပေါင်းတို့မှ ဆွမ်းဆန်တော် ဆီ၊ ဆေး၊ ဆားနှင့် အလှူတော်ငွေ...

ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသထွက် ရွှေဖရုံသီးများဈေးကောင်းရ


(အောင်ပန်း စက်တင်ဘာ ၂၇) ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်း၊ ရွာငံ၊ ပင်းတယ၊ တီကျစ်၊ နောင်တရားနှင့် အောင်ပန်း ဒေသ ထွက် ရွှေဖရုံသီးများ ယခု ရက်ပိုင်းတွင် အောင်ပန်းမြို့ ပြည်သာယာ ကုန်စိမ်းဈေး ၌ ဈေးကောင်း ရလျက်ရှိကြောင်း သိရသည်။ ရွှေဖရုံ သီးကို ဒေသတွင်း၌ မီးဖိုချောင် သီးနှံအဖြစ် အသုံးပြုလျက် ရှိပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြား နယ်မြို့များတွင် ဟင်းချက်စရာ အဖြစ် အသုံးပြုမှု အပြင် နည်းပညာ အသုံးပြု၍ အခြား စားသုံးစရာ ထုတ်ကုန်များ အဖြစ်...

၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ ရှင်းလင်းဆွေးနွေးပွဲ မကွေးမြို့၌ကျင်းပ

(မကွေး စက်တင်ဘာ ၂၇) မကွေးတိုင်း ဒေသကြီး ၂ဝ၁၂ ခုနှစ် လူမှု ဖူလုံရေး ဥပဒေ ရှင်းလင်း ဆွေးနွေးပွဲ အခမ်း အနားကို မကွေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ စက်တင်ဘာ ၂၅ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ရာ မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဦးအောင်ကျော်မင်း တက်ရောက် အမှာစကား ပြောကြားပြီး အလုပ်သမား ဝန်ကြီးဌာန လူမှုရေး အဖွဲ့ အထွေထွေ မန်နေဂျာ ဦးစောနိုင်က ၂ဝ၁၂ ခုနှစ် လူမှု ဖူလုံရေး ဥပဒေကို ဆွေးနွေးခဲ့သည်။ အဆိုပါ အခမ်း အနားသို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေး ဝန်ကြီး၊ အလုပ်သမား ဝန်ကြီးဌာန၊ လူမှု ဖူလုံရေး အဖွဲ့ အထွေထွေ...

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ရုံး/ဌာနများအလိုက် စခန်းမှူးဖလား ဘော်လီဘော ပြိုင်ပွဲကျင်းပ


(နေပြည်တော် စက်တင်ဘာ ၂၇) ၂ဝ၁၂ ခုနှစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ရုံး/ဌာနများ အလိုက် စခန်းမှူး ဖလား ဘော်လီဘော ပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနားကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်း မိုးလုံလေလုံ အားကစား ကွင်း၌ ကျင်းပ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး  စခန်းမှူး ဗိုလ်မှူးချုပ် ဝင်းသိန်း၊ ကာကွယ်ရေး ဦးစီးချုပ် ရုံးမှ တပ်မတော် အရာရှိကြီး များနှင့် အရာရှိ၊ စစ်သည် များ...

ပါတီအကျိုးနှင့် နိုင်ငံအကျိုး ယှဉ်လာလျှင် နိုင်ငံအကျိုးကို ဦးစားပေးရန်လို ပါတီများအားလုံး နိုင်ငံတော် အစိုးရနှင့် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်


(ရန်ကုန် စက်တင်ဘာ ၂၇)  ယနေ့ အချိန်သည် ဒီမို ကရေစီ နိုင်ငံတော် သစ်ဆီသို့ ဦးတည် ချီတက်နေသော အချိန်ဖြစ်၍ ကော်မရှင် များနှင့် နိုင်ငံရေး ပါတီများ ရင်းရင်းနှီးနှီး ဆက်ဆံ၍ ပူးပေါင်းဆောင်ရွက် သွားကြ ရမည် ဖြစ်ကြောင်း၊ ပါတီများ အချင်းချင်းလည်း ပေါင်းစပ် ညှိနှိုင်း၍ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် သွားမည်ဆိုပါက နိုင်ငံတော်ကြီး မလွဲမသွေ ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်းဖြင့် ယနေ့ မွန်းလွဲ ၁ နာရီ ၁ဝ မိနစ်တွင် ရန်ကုန်တိုင်း ဒေသ ကြီး အစိုးရ အဖွဲ့ရုံး...

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် MYANMA ENERGY TRADE SHOW 2012 ကြည့်ရှုအားပေး


(ရန်ကုန် စက်တင်ဘာ ၂၇) စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် ALPHA RESOURCES & TRAINING CO., LTD.တို့ ကြီးမှူး ကျင်းပသော MYANMA  ENERGY  TRADE  SHOW 2012  ပြပွဲကို ရန်ကုန်တိုင်း ဒေသကြီး  မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ပြသလျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ ညနေ ၃ နာရီခွဲက သွားရောက်ကြည့်ရှု...

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် ဒုက္ခသည်များအရေး ဆွေးနွေး


(နေပြည်တော် စက်တင်ဘာ ၂၇) ကချင် ပြည်နယ်ရှိ ပြည်တွင်းနေရပ် စွန့်ခွာရွှေ့ပြောင်း မိသားစုများ အတွက် လူသားချင်း စာနာ ထောက် ထားမှု ဆိုင်ရာ အကူအညီ ဖြန့်ဝေ ပေးခဲ့မှု ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး ကိစ္စရပ်များ၊ သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် နှင့် ကုလ သမဂ္ဂ လူသားချင်း...

အပင်သန် အသီးကောင်းဖို့ အမြစ်ရေလောင်း ပေးကြစို့ (ဆောင်းပါး)


လင်းကြည်လင်း လူသား မျိုးနွယ်ကြီး ဖွံ့ဖြိုးတိုးတက် လာစေရန် မိခင်တို့၏ အခန်း ကဏ္ဍသည် အရေးကြီး လှသည်။ မိခင်ကောင်း တစ်ယောက်သည် သားကောင်း များစွာကို မွေးဖွား ပေးနိုင်သည်။ ထိုသားကောင်း ရတနာ များသည်  နိုင်ငံတော် အတွက် ဂုဏ်တက်စေမည့် ဒေါက်တိုင်များ ဖြစ်သည်။ မိခင်ကောင်း တစ်ယောက် ဖြစ်လာဖို့သည် ထိုမိန်းကလေး၏ ငယ်စဉ်ဘဝ ကတည်းက သွန်သင် ဆုံးမမှု၊ ပြုစု ပျိုးထောင်မှု၊ ရှင်သန် ရပ်တည်မှု တို့မှာ ထိုသူ၏ လူ့ပတ်ဝန်းကျင် ပေါ်တွင် တည်မှီ နေပြန်သည်။ ထို့ကြောင့်လည်း...

ကောင်းသော ကုန်သွယ်ရေးအတွက် နည်းလမ်းတကျေ ဆာင်ရွက် (အယ်တီတာ့ အာဘော်)

(၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်) နိုင်ငံ တစ်နိုင်ငံ အင်အား တောင့်တင်းပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်ချက် များတွင် စီးပွားရေး အင်အား တောင့်တင်းရန် ဟူသောအချက် ပါဝင်သည်။ ထိုသို့ စီးပွားရေး အင်အား တောင့် တင်းစေရန်  မိမိနိုင်ငံ အတွင်း ပိုလျှံနေသော နိုင်ငံ ထွက်ကုန်များ တင်ပို့ ရောင်းချခြင်း၊ မိမိနိုင်ငံ အတွက် လိုအပ်နေသော ကုန်ပစ္စည်းများ ပြန်လည်ဝယ်ယူ တင်သွင်းခြင်း အစရှိသည့် ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများကို  မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန် လိုအပ်သည်။ မိမိတို့ နိုင်ငံ သည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အိမ်နီးချင်း...

အမေရိကန် ပြည်ထောင်စုတွင် တေးအယ်လ်ဘမ် ဖြန့်ချိရန် PSY စီစဉ်

(ဆိုးလ် စက်တင်ဘာ ၂၇) တောင်ကိုရီးယား နိုင်ငံမှ ကမ္ဘာကျော် အဆိုတော် PSY သည် အမေရိကန် ပြည်ထောင်စု တွင် တေးအယ်လ်ဘမ် ဖြန့်ချိမည့် ကိစ္စနှင့် စပ်လျဉ်း၍ ဆိုးလ်မြို့တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ခဲ့ကြောင်း သိရသည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲ၌  PSY က  တေးအယ်လ်ဘမ်နှင့် ပတ်သက်၍ နိုင်ငံ အတွင်းရှိ သတင်းထောက် များနှင့် နိုင်ငံ တကာမှ သတင်းထောက် များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ PSY ၏ အင်္ဂလိပ် ဘာသာဖြင့် သီဆိုထားသော တေးအယ်လ်ဘမ် သစ်အား လာမည့် နိုဝင်ဘာ လတွင် ဖြန့်ချိ သွားမည်ဟု သိရသည်။ အမေရိကန် နိုင်ငံတွင် သူ၏ တေးအယ်လ်ဘမ် ကို...

အနောက်နိုင်ငံများက ဆန့်ကျင်ပိတ်ဆို့မှုများကို ရုပ်သိမ်းပါက ယူရေနီယံသန့်စင်မှုကို အီရန် ရပ်တန့်မည်


(တီဟီရန် စက်တင်ဘာ ၂၇) အနောက် နိုင်ငံများက အီရန်နိုင်ငံ အပေါ် ချမှတ်ထားသည့်ဆန့်ကျင် ပိတ်ဆို့မှု များကို ဖျက်သိမ်းပေးမည် ဆိုပါက အီရန် နိုင်ငံ၏ ယူရေနီယံ သန့်စင်ခြင်း လုပ်ငန်းကို ရပ်တန့် မည် ဖြစ်ကြောင်း  နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ ဆိုင်ရာ အီရန် နိုင်ငံ၏ အမြဲတမ်း ကိုယ်စားလှယ် အလီအက်ရှ် ဟာဆိုတာ နီးယေးက ပြောကြား ခဲ့သည်။ အီရန် နိုင်ငံ၏ နျူကလီးယား ဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးမှူး ဆာအက်ဒ် ဂျာလီလီနှင့် ဥရောပ သမဂ္ဂ နိုင်ငံခြားရေးရာ မူဝါဒ...

ကမ္ဘာ့အကြီးဆုံး အမေရိကန်လေကြောင်းလိုင်း ဘိုးအင်း 787 Dreamliner လေယာဉ်ကြီး လက်ခံရရှိ


(ဝါရှင်တန် စက်တင်ဘာ ၂၇) ကမ္ဘာ့ အကြီးဆုံး လေကြောင်းလိုင်း တစ်ခုဖြစ်သည့် အမေရိကန် United Continental လေကြောင်း လိုင်းသည် ဘိုးအင်း 787 Dreamliner ခရီးသည် လေယာဉ်ကို ယခု သီတင်းပတ် အ တွင်း လက်ခံ ရရှိခဲ့ကြောင်း သိရသည်။ ချီကာဂိုမြို့ အခြေစိုက် အဆိုပါ လေကြောင်းလိုင်းသည် ဘိုးအင်း ကုမ္ပဏီ ထံမှ Dreamliner လေယာဉ်အစင်း ၅ဝ ကို မှာယူခဲ့သည်။ ထို့အပြင် အခြား လေကြောင်းလိုင်းများ ဖြစ်သည့် All Nippon Airways လေကြောင်း လိုင်း၊ Japan Airlines of Japan, Ethiopian...

ဂျပန်နိုင်ငံမှ အထက်တန်း ကျောင်းသားများ တီထွင်ခဲ့သည့် ကမ္ဘာ့ အနိမ့်ဆုံးကား


(တိုကျို စက်တင်ဘာ ၂၇) Mirai အမည်ရှိ အဆိုပါ ကားအား ဂျပန်နိုင်ငံ အဆာခုချီမြို့ရှိ The Automobile Engineering Course of Okayama Sanyo အထက်တန်း ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တီထွင် ထုတ်လုပ်ခဲ့သည့် အမြင့်အားဖြင့် ၄၅ ဒသမ ၂ စင်တီမီတာရှိ ကားငယ်လေးအား ကမ္ဘာ့ အနိမ့်ဆုံး ကားအဖြစ် ၂ဝ၁၃ ဂင်းနစ် မှတ်တမ်း စာအုပ်တွင် မှတ်တမ်း တင်ခဲ့ကြောင်း သိရသည်။...

မိမိကိုယ်မိမိအဆုံးစီရင်မှု ကာကွယ်ရေးဆိုင်ရာသင်တန်း တက်ရောက်ရန် အမေရိကန်တပ်ဖွဲ့များ တစ်နေ့တာ တာဝန်များ ရပ်နားခဲ့ရ


(ဝါရှင်တန် စက်တင်ဘာ ၂၇) အမေရိကန် စစ်တပ်သည် ၎င်းတို့၏ တပ်ဖွဲ့ဝင် များအား စက်တင်ဘာ ၂၇ ရက်တွင်  တာဝန် အသီးသီးကို ခေတ္တ ရပ်နားထားပြီး ထိုနေ့ တစ်နေ့လုံးတွင် မိမိကိုယ် မိမိ အဆုံး စီရင်မှု ကာကွယ် တားဆီးရေး ဆိုင်ရာ လေ့ကျင့်မှု သင်တန်းကို တက်ရောက် ကြရန်  စစ်တပ်မှ တာဝန်ရှိ သူများက စက်တင်ဘာ ၂၆ ရက်တွင် အမိန့် ထုတ်ပြန် ခဲ့သည်ဟု သိရသည်။ ထို့ကြောင့် အာဖဂန် နစ္စတန် နိုင်ငံတွင် တာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင် များနှင့် စစ်ဆေးရုံတွင် တာဝန် ထမ်းဆောင်နေသည့်...

ဥက္ကာခဲဖြင့် ထုလုပ်ထားသည့် နှစ်တစ်ထောင် သက်တမ်းရှိ ရုပ်တုတစ်ခုအား သုတေသီများ ရှာဖွေတွေ့ရှိ


(ဘာလင် စက်တင်ဘာ ၂၇) ၁၉၃၈ ခုနှစ်တွင် နာဇီ လေ့လာရေး အဖွဲ့ တစ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့် သက်တမ်း ရှိ ရုပ်တု တစ်ခုအား သုတေသီများက ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ရုပ်တုအား ဂျာမနီနိုင်ငံ စတုဂတ် တက္ကသိုလ်မှ သုတေသီများက တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းအား ရှားပါး ဥက္ကာခဲ တစ်ခုမှ ထွင်းထု ထားခြင်း ဖြစ်သည်။ ၎င်းရုပ်တုသည် အလေးချိန် ၁ဝ ကီလိုဂရမ် ရှိ၍ အမြင့် ၂၄ စင်တီမီတာ ရှိသည်။ အဆိုပါ ရုပ်တုအား ထွင်းထုထားသည့် ဥက္ကာခဲသည်...

အာဖဂန် နစ္စတန် နိုင်ငံတွင် ကျောင်းသူ ၁၆ ဦး အဆိပ်မိ၍ ဆေးကုသမှုခံယူရ


(ကဘူးလ် စက်တင်ဘာ ၂၇) အာဖဂန် နစ္စတန် နိုင်ငံတွင် ကျောင်းသူ ၁၆ ဦး နီးပါး အဆိပ်မိခဲ့ပြီး ယခင်ကလည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ ဖူးကြောင်း စက်တင်ဘာ ၂၆ ရက်က အင်တာနက် သတင်း တစ်ရပ် တွင် ဖော်ပြထားသည်။ အဆိုပါ ဖြစ်ရပ်သည် အာဖဂန် နစ္စတန်နိုင်ငံ ကဘူးလ် မြို့တော်ရှိ အူမ်-အူလ်ဘီနင် အထက်တန်း ကျောင်း တွင် စက်တင်ဘာ ၂၆ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိပ် မိခဲ့သည့် ကျောင်းသူများ ကို ဆေးကုသမှု ခံယူရန် အတွက် နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း...

ရုရှားနိုင်ငံ၌ အနာဂတ်စစ်သည်များ အသုံးပြုရန် စစ်အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်စမ်းသပ်


(မော်စကိုစက်တင်ဘာ   ၂၇) ရုရှား စစ်တပ်သည် အနာဂတ် စစ်သည်များ အသုံးပြုရန် အတွက် အဆင့်မြင့် နည်းပညာသုံး စစ်အသုံး အဆောင် ပစ္စည်းအား ထုတ်လုပ်၍ စမ်းသပ်ခဲ့ကြောင်းရုရှား ကာကွယ်ရေး ဝန်ကြီးက စက်တင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။ ရုရှား စစ်တပ် အနေဖြင့် အနာဂတ် ကာလတွင် ရင်းနှီး ကျွမ်းဝင်မှု မရှိသော ပတ်ဝန်းကျင် များ၌ ဖျက်အားပြင်း လက်နက်များ၏ အန္တရာယ်ကို ကာကွယ် နိုင်စွမ်းရှိသည့် ပစ္စည်း ကိရိယာများကို အသုံးပြု ရမည် ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ပြောရေး...

အိန္ဒိယအနောက်ပိုင်းတွင် ယာဉ်မတော်တဆမှုဖြစ် ၁၈ ဦးသေဆုံး

(နယူးဒေလီ စက်တင်ဘာ ၂၇) အိန္ဒိယ နိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာ ပြည်နယ်တွင် စက်တင်ဘာ ၂၆ ရက်က ယာဉ်မတော် တဆမှု တစ်ခု ဖြစ်ပွားခဲ့ရာ ကျောင်းသား အချို့ အပါအဝင် အနည်းဆုံး ၁၈ ဦး သေဆုံး ခဲ့ရကြောင်း စက်တင်ဘာ၂၇ ရက်တွင် အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြား ခဲ့သည်။ အဆိုပါ ယာဉ်မတော် တဆမှုသည် မဟာရက်ရှ်ထရာ ပြည်နယ် ဘာလ်ဟာနာ ခရိုင်အတွင်း၌ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ ဖြစ်ပွားပုံမှာ ခရီးသည် ၅၅ ဦးကျော် လိုက်ပါလာသော ဘတ်စကား တစ်စီး သည် ခရိုင် အတွင်းရှိ ပါနာမြစ် အတွင်းသို့ ထိုးကျ သွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ကယ်ဆယ်ရေး သမားများ အနေဖြင့် မြစ်အတွင်းမှ...

ယီမင်နိုင်ငံတွင် စစ်သွေးကြွများ တာဝန်ရှိသူများကို ဆန့်ကျင်တိုက်ခိုက်

(ဆာနား စက်တင်ဘာ ၂၇) ယီမင်နိုင်ငံ ဆာနား မြို့တော်တွင် နိုင်ငံမှ အဆင့်မြင့် ထောက်လှမ်းရေး အရာရှိ တစ်ဦးအား အယ်လ်ကိုင်ဒါ စစ်သွေးကြွဟု ယူဆရသည့် သေနတ်သမား များက ယခု သီတင်းပတ် အစောပိုင်း က ပစ်သတ်ခဲ့ကြောင်း ယီမင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ ဖြစ်ပွားပုံမှာ ဆာနားမြို့တော် အယ်လ်-ဆာဘင်းန် ခရိုင်တွင် စက်တင်ဘာ ၂၃ ရက် ညနေပိုင်း က နိုင်ငံတော် လုံခြုံရေး ဌာနမှ အကြီးအကဲ ဗိုလ်မှူးကြီး အဗ္ဗဒူလာအယ်လ်-အက်ရှ်ဝါလ် စီးနင်း လာသော မော်တော် ယာဉ်ကို မျက်နှာဖုံး တပ်ဆင်ထားသော အယ်လ်ကိုင်ဒါ စစ်သွေးကြွ နှစ်ဦးက လမ်းမှ ကြားဖြတ် တိုက်ခိုက်ခဲ့...

မြန်မာနိုင်ငံ သည် ယခုဆိုလျှင် ခေတ်သစ် ကိုရောက် ရှိနေ၊ ကမ္ဘာ့ ကုလသမဂ္ဂ မိသားစု ဝင်နိုင်ငံ အဖြစ် ကဏ္ဍပေါင်းစုံ ပိုမိုကျယ်ပြန့် နက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်၊ ကမ္ဘာ့နိုင်ငံများ အလယ်တွင် တာဝန်သိ ဂုဏ်သိက္ခာ ရှိသည့် နိုင်ငံအဖြစ်ရပ် တည်၊(၂၁)ရာစု၏စိန်ခေါ်မှု များကြံ့ကြံ့ခိုင်ရင် ဆိုင်ဖြေရှင်းသွားမည်


 စစ်မှန်သည့် ဒီမိုကရေစီကို တည်ဆောက်ဖို့ ပြည်တွင်းမှာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး တစ်ရပ် ရရှိဖို့ 'စစ်ပွဲများမှသည် ငြိမ်းချမ်းရေး ဆီသို့' ဆောင်ပုဒ်နဲ့အညီ အမျိုးသား အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်သွားမှာ ဖြစ် ရခိုင်ပြည်နယ် ကိစ္စနှင့် စပ်လျဉ်းလို့ မြန်မာနိုင်ငံ အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူ အားလုံး လူမျိုးမရွေး ဘာသာ မရွေး ငြိမ်းချမ်း လုံခြုံ နေထိုင်နိုင်တဲ့ အခွင့်အရေးရှိ၊ ဒီကိစ္စကို အပြည်ပြည် ဆိုင်ရာ စံနှုန်း ကျင့်ထုံး...

ယူကရိန်း နိုင်ငံမှ ကလစ်ချကိုနှင့် ယှဉ်ပြိုင် ထိုးသတ်မည့် အစီအစဉ် ကမ္ဘာ့ ချန်ပီယံဟောင်း ဒေးဗစ်ဟေး ပယ်ဖျက်


(လန်ဒန်  စက်တင်ဘာ  ၂၇) WBA ဟဲဗီး ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဟောင်း တစ်ဦးဖြစ်သူ ဒေးဗစ်ဟေး သည် ယူကရိန်း နိုင်ငံ၌ ဗစ်တလီ ကလစ်ချကိုနှင့် ယှဉ်ပြိုင် ထိုးသတ်ရန် ကိစ္စကို ပယ်ဖျက်လိုက် ခြင်းမှာ လူမျိုးရေး အစွဲများဖြင့် ခြိမ်းခြောက် ပြောဆိုမှု များကြောင့် ဖြစ်သည်ဟု ၄င်းက ပြောကြား ထားသည်။ သို့သော် အဆိုပါ လက်ဝှေ့ ချန်ပီယံဟောင်း  ဟေးသည်  လာမည့် နှစ်တွင် ကလစ်ချကို ညီအစ်ကိုတို့ အနက် မှ အကြီး ဖြစ်သူ နှင့် ယှဉ်ပြိုင် ထိုးသတ်ရန် မျှော်မှန်း...

အင်္ဂလန်လိဂ် ဖလားပွဲတွင် ချယ်လ်ဆီးတို့ ဂိုးပြတ် အနိုင်ရလိုက်


(လန်ဒန် စက်တင်ဘာ ၂၇) ချယ်လ်ဆီး အသင်းသည် စက်တင်ဘာ ၂၆  ရက်က  ကစားခဲ့ သော အင်္ဂလန်လိဂ် ဖလားပွဲတွင် ဝုဗာ ဟမ်တန် အသင်း ကို ၆ဂိုး - ဂိုးမရှိဖြင့် ဂိုးပြတ် အနိုင်ရလိုက်ကြောင်း သိရသည်။ ချယ်လ်ဆီး အသင်း ခေါင်းဆောင် ဂျွန်တယ်ရီသည် အက်ဖ်အေ အဖွဲ့ချုပ်၏ ကြားနာ စစ်ဆေးမှုကို ခံယူနေရ ခြင်းကြောင့် အဆိုပါ ပွဲစဉ်တွင် ပါဝင်ခွင့်မရ မည်ကို စိုးရိမ် ခဲ့သော်လည်း ၄င်းအနေ ဖြင့် အချိန်မီပင် ပါဝင်ကစား လိုက်နိုင် ကြောင်း သိရသည်။  ယခုပွဲစဉ် အတွင်း ...

အာဆင်နယ် လူငယ် ကစားသမား အိစ်မောင့် ကိုလ်ချက်စတာ နည်းပြ ခေါ်ယူရန် အသင့်ရှိ


(လန်ဒန်   စက်တင်ဘာ   ၂၇) ကိုလ်ချက် စတာ အသင်း၏ ယာယီ နည်းပြ ဂျိုးဒန်နီသည် အသင်း အင်အားကို တိုးမြှင့်ရန် စိတ်အား ထက်သန် လျက် ရှိပြီး အာဆင်နယ်မှ ကွင်းလယ် ဖန်တီးရှင် အိစ်မောင့်ကို ခေါ်ယူရန် ပစ်မှတ်ထားလျက် ရှိကြောင်း သိရသည်။ အိစ်မောင့်သည် အမ်းမရိတ် ကွင်း၏ အရေး ပါသော ကစားသမား တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူ ဖြစ်သည်။ ၄င်းသည် အာဆင်နယ် အသင်း၏ လူငယ် လေ့ကျင့်ရေး သင်တန်း ကျောင်း မှ ရောက်ရှိလာပြီး နောက်ပိုင်း အသင်း၌ ပထမ ဦးစားပေး ပွဲထွက်...

ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း ဂျပန်ကုန်သည်ကြီးများ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ Mr. Tadashi Okamura ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံ


(နေပြည်တော်   စက်တင်ဘာ ၂၇) ဒုတိယ သမ္မတ  ဦးဥာဏ်ထွန်းသည် ဂျပန် ကုန်သည် ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (JCCI) ဥက္ကဋ္ဌ Mr.  Tadashi  Okamura ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။ ဆွေးနွေး ထိုသို့ တွေ့ဆုံရာ၌ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့် အတူ ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်နှင့် ဒေါက်တာ ကံဇော်၊ ဒုတိယ ဝန်ကြီး ဦးသန့်ကျော်၊...

ခရီးသွား လုပ်ငန်းသည် ကမ္ဘာပေါ်တွင် သဘာဝ အရင်းအမြစ် ထုတ်ယူသုံးစွဲခြင်း မပြုဘဲ ဝင်ငွေတိုး တက်သည့် လုပ်ငန်းဖြစ် ကမ္ဘာ့ ခရီးသွား လုပ်ငန်းအဖွဲ့ ဝင်နိုင်ငံ တစ်နိုင်ငံ အနေနှင့် ကုလသမဂ္ဂ၏ စွမ်းအင် တည်မြဲမှု အတွက် ပါဝင်ဆောင်ရွက်


(နေပြည်တော်  စက်တင်ဘာ  ၂၇) ''ရေရှည် ဖွံ့ဖြိုးမှု မြှင့်တင်ဖို့ ခရီးသွားနှင့် စဉ်ဆက် မပြတ် စွမ်းအင် ကဏ္ဍ ပေါင်းစည်းစို့'' (Tourism & Sustainable Energy: Powering Sustainable Development) ဟူသော ဆောင်ပုဒ်ဖြင့် ၂ဝ၁၂ ခုနှစ် ကမ္ဘာ့ ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း...

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် က နယူးယောက်မြို့ရှိ The Mark ဟိုတယ်သို့ လာရောက် တွေ့ဆုံ


 (ပြည်ထောင်စု သမ္မတ  မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား အမေရိကန် ပြည်ထောင်စု  နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်  ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်) - ဆက်ဆံရေး ကဏ္ဍ သစ်ဖွင့်လှစ်ပေး ခဲ့သည့် အတွက် အထူးကျေးဇူးတင်၊ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး သည် သံအမတ်ကြီး အဆင့်ရောက်ရှိ၊ စီးပွားရေး ပိတ်ဆို့မှု များဖြေလျှော့ပေး သည့် အတွက်ပြည်သူများ အထူးဝမ်းသာ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း...
Related Posts Plugin for WordPress, Blogger...